မြေပြင်မှာ ကြယ်တွေ
တလင်းလင်း တလက်လက်
တပြိုးပြိုး တပြက်ပြက် နဲ့ …။
ဘယ်လောက်ပဲ
ဖုံးထား ဖိထား သိုထား ဝှက်ထား
လှောင်ထား ပိတ်ထား ချုပ်ထား နှောင်ထား ပစေဦးပေါ့ …
ဘယ်လောက်ပဲ
အလင်းရောင်တွေ ဖယ်ထား ရှားထား ရှင်းထား လင်းထား ခံရတဲ့
နေ့ တွေ ညတွေ ရှိနေ ပစေဦးပေါ့ …
ဘယ်လောက်ပဲ
ချိုးထား နှိမ်ထား နင်းထား ခြေထား
မှောင်အတိမှာ နှလုံးသားများ
နာညည်းနေခဲ့ပစေဦးပေါ့ ….
ဟောဒီမှာ
ကြယ်တွေရယ်လေ..
တလင်းလင်း တလက်လက်
တဖိတ်ဖိတ် တတောက်တောက်
တပြိုးပြိုး တပြက်ပြက် နဲ့ …။
စက်တင်ဘာ ၂၀၀၇
သိပ်ကောင်းတယ်။
ReplyDeleteအဲဒီရက်စွဲမှာ ကြယ်တွေပွင့်ခဲ့တာ သေချာတယ်။