11 December 2009

....



ရေးရေးပျပျ

အကောင်ငယ်လေးတစ်ကောင် ငါ …။


အရုပ်ဆိုးတဲ့ သွေးခုန်မှုနဲ့ 

ပါးလွှာတဲ့ တိမ်စောင်ထဲမှာ ကွေးကွေးလေး…


နှေးလိုက်တဲ့ ပူပြင်းမှု

အီလည်လည် ရေဒီယိုထဲမှာ

တောထွက်ချင်စိတ်တောင်ပေါက်ရဲ့ ..


နေရောင်ဆောင်းတဲ့ တောလမ်းလေးပေါ်

မဆီမဆိုင် ပျို့ တက်လာတဲ့ အလွမ်း

မျိုမရ ထုတ်မရ

အလွမ်းနင်လို့ …


သုညတောင် ပြည့်စုံအောင် မဆွဲနိုင်တဲ့

ကြယ်တွေနဲ့ ပဲ စကားပြောခွင့်ရတဲ့

မှုန်တိမှုန်ဝါး

အဲဒီအကောင်ငယ်မှာ

အဲဒီငါ့မှာလေ..

လွမ်းတောင် ရဲရဲမလွမ်း ရဲတာ

စာမျက်နှာတွေ မှားလှန်မိလို့ ပါကွယ်….။



၁၉၉၆



No comments:

Post a Comment