10 December 2009

မီးကျီ ၂


ဒီနေရာမှာ ငါမရှိခဲ့ရင်….

နက်မှောင်တဲ့ လေထုကိုစီး

ငါ့ခန္ဓာကိုယ်လည်း ..ရေခဲတမျှအေးစက်လို့ 

တိမ်စိုင်တိမ်ခဲတွေကို တွန်းတိုက်

အသွေးကုန် အသားကုန်…လွှင့်လိုက် မျောလိုက်မယ်။


ဟိုမှာလေ..ကြယ်တစ်စု ကြယ်တစ်စ…

ငါမမေးဖြစ်လိုက်တဲ့ မေးခွန်းတွေမှာ အဖြေရှိတယ်..

တစ်ညတစ်လေ

နင်ကောင်းကင်ကို မော့ကြည့်ဖြစ်ခဲ့ရင်

အဲဒီလို ငါ့ကိုတွေ့ လိုက်ရလိမ့်မယ်..’မီးကျီ’..


ဘဝဆိုတာ ပင်လယ်လည်း ဖြတ်ရဲရတယ်..

တောင်တွေလည်း ကျော်ရဲရတယ်…

..

လေထုကလည်း ရှတအေးခဲ

ငါ့မျက်လုံးတွေ မှိတ်ထားလည်း

အရှေ့ အနောက် တောင် မြောက် အရပ်မျက်နှာ သိဖို့ မလိုပါဘူး

တကယ်ဆို

ဒီနေရာမှာ ငါမရှိခဲ့ရင်လည်း

ငါသိနေပါတယ်…. ..


ငါ့ဆီမှာ….ဟောဒီရင်ဘတ်က သယ်သွားခဲ့တဲ့ ညအလင်း ရှိတယ်

မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးလေးတွေ ရှိတယ်

မျက်ရည်ဖြူးတဲ့ ထမင်းဝိုင်း ရှိတယ်

ဘယ်တော့မှ အမေကို ထပ်မတွေ့ နိုင်တော့ မယ့်သားသမီးတွေ ရှိတယ်..

ငါမပေးလိုက်ရတဲ့ ကဗျာတစ်ပုဒ် ရှိတယ်

တစ်နေ့ မှ မပျော်ပိုက်နိုင်တဲ့ဒဏ်ရာဒဏ်ချက်တွေ ရှိတယ်

မျက်လုံးကြောင်တောင် ကလေးငယ်လေးတွေ ရှိတယ်…

နာညည်းနေတဲ့ မြို့ တော်ရှိတယ်..

ကမ်းမပြန်နိုင်တဲ့ လှေအိုလှေဟောင်းတွေ ရှိကြတယ်…


ဒါပေမယ့်..

အဲဒါ မဟုတ်ဘူး.....မဟုတ်ဘူး.. မဟုတ်ဘူးလေ တဲ့..


တကယ်တော့

ဒီနေရာမှာ…

ငါရှိနေပါတယ်.

ဟောဒီနေရာမှာပဲ ..ငါရှိနေတယ်လေ.. မီးကျီရဲ့ …..

ဘယ်ကိုသွားနိုင်သေးလို့ လဲ…..၊၊



1 comment:

  1. မျက်ရည်ဖြူးတဲ့ ထမင်းဝိုင်း တဲ့။
    သဘောကျတယ် ညီမရေ..

    ReplyDelete