09 December 2013

လွမ်းသူ့ ပန်းခြင်း




ငါလမ်း‌လျှောက်ရင်း‌တွေးတယ်/ထိုင်‌‌နေရင်း/တိမ်အဖြူ‌ရောင်‌‌တောက်‌‌တောက်ကို မော့ကြည့်‌ရင်း/အိပ်ရာထက်လဲ‌လျောင်း‌နေရင်း/ပင်လယ်ကိုမျက်နှာပြုရင်း/
ရပ်တန့်‌နေရင်း/‌တောင်တန်းထိပ်ကပါးလျတဲ့‌လေထုထဲတိုးဝင်ရင်း/‌တွေးတယ်/

နင်‌‌ရောဘာ‌တွေ‌တွေး‌နေခဲ့သလဲ မီးကျီ‌ရေ...
ပြီး‌တော့.....သူက‌ရော

ငါ့ရင်ဟာဆို့‌နေတယ်

‌ကော်ရိုရာဒိုမြစ်ထဲမှာ‌မျော‌နေခဲ့ဖူးတဲ့ သူ့ရဲ့ပျိုမျစ်တဲ့မျက်နှာကိုမြင်‌‌ယောင်မိတယ်
လ‌ရောင်ထင်‌‌နေတဲ့ ပင်လယ်မှောင်ကို ငါတို့တ‌တွေ သ‌င်္ဘောကြီး‌ပေါ်ကနေ အတူကြည့်‌ခဲ့ကြဖူးတယ်
‌ကော်ရိုရာဒိုမြစ်က စီး‌နေတုန်းပဲ ..ပင်လယ်ကြီးလည်းနက်‌မြဲနက်လျက်နဲ့
သူ့ဝိဥာဉ်‌‌လေး‌တော့ ဘယ်ဆီမှာလဲ မီးကျီ

သူပြုးံပြတယ် သူညည်းတွားတယ် သူခွက်ထိုးခွက်လန်ရယ်တယ် သူရှာ‌ဖွေတယ် သူ‌ပျောက်ဆုံးတယ် သေချာတာက‌တော့ သူရှိခဲ့ဖူးပါတယ်

ငါတို့ဟာ ဟင်းလင်းပြင်ကြီးထဲကလာပြီး ဟင်းလင်းပြင်ကြီးထဲကိုပြန်သွားကြတာလား
ငါတို့ဟာ ဆဲလ်တစ်ခုကစတဲ့ ဆင့်‌ကဲဖြစ်စဉ်ထဲက တိုးတက်‌‌ပြောင်းလဲလာမှုသက်သက်ပဲလား
ငါတို့ဟာ ကိုယ်ကိုယ်တိုင် စိတ်ဆန္ဒမစွမ်း‌ဆောင်နိုင်ဘဲ ဘုရားသခင်ရဲ့အလို‌တော်ကျ ကပြ‌နေရသူ‌တွေလား
ငါတို့ဟာ ‌ငွေ‌ကြေး ဂုဏ် ဥစ္စာပိုင်ဆိုင်မှု ကြားမှာပဲ ‌ရေလိုက်ငါးလိုက် ‌မျောပါသွားမှာလား
ငါတို့ဟာ ဘယ်ကလာပြီးဘယ်ကိုသွားမှန်း မသိခြင်းကို သိ‌နေပါလျက် ဖတ်ကြားသင်‌မြင်သမျှ                                       
                အမှန်တရားဆိုတာ‌တွေကို နည်းနည်း‌လေးမှ သံသယမရှိ မျက်စိမှိတ်လက်ခံကြသူ‌တွေလား
ငါတို့ဟာ အစတစ်ခုကစပြီး အဆုံးတစ်ခုမှာဆုံးတဲ့ မျဉ်း‌ကြောင်း‌တွေများလား
ငါတို့ဟာ အချိန်နဲ့‌နေရာရဲ့ ကန့်သတ်မှု‌ဘောင်က‌နေ ‌တွေးမြင်၊ခံစား၊သိ သူ‌တွေပဲလား
ငါတို့ဟာ မ‌သေချာခြင်းကြားက သေချာခြင်း ဆိုတာကို ကြောက်လန့်တကြား ရှာ‌ဖွေ‌နေကြတာလား
ငါ‌‌တွေးပါတယ် မီးကျီ

‌လေးလံတဲ့ငါ့နှလုံးသား ကိုဗဟိုပြုရင်း ငါ‌တွေးမိပါတယ်
..သူ့ရဲ့နာကြင်မှုကို သူ့ရဲ့ပိတ်‌‌လှောင်မွန်းကြပ်မှုကို သူ့ရဲ့လွင့်‌‌ပျောက်‌ခြင်းကို
သူ့ရဲ့ဖြစ်တည်မှုရှိခြင်းကို ပြီး‌တော့ ဖြစ်တည်မှုမဲ့ခြင်းကို..

မီးကျီရေ……
ဟိုဘက်မှာဘာရှိသလဲ
ဒါမှမဟုတ် ဟိုဘက်ဆိုတာမရှိခဲ့ရင် ဒီဘက်ဆိုတဲ့ ‌(‌နေရာ/ကာလ/ပြယုတ်) ဟာ အဓိပ္ပါယ်ဂုဏ်ရှိ‌နေနိုင်ဦးမတဲ့လား

ငါတို့အားလုံးဟာတစ်ခုခုကိုရှာ‌ဖွေကြ တစ်ခုခုကို‌ပျောက်ဆုံးကြ

ရှိခြင်း/မရှိခြင်း-အစပြုခြင်း/အဆုံးသတ်‌ခြင်း ဟာ ဘယ်‌‌လောက်မျာတူညီပါသလဲ ဘယ်‌‌လောက်များကွဲပြားပါသလဲ

….
အခုတော့ဖြင့်
သွားပါ‌တော့
သွာနှင့်‌ပါ‌တော့လေ…။